တရုတ်နိုင်ငံရှိ ကွမ်ရှီးတိုင်းရင်းသားတက္ကသိုလ်က မြန်မာပိုက်ကျော်ခြင်းကစားသမား ၂ ဦးကို ပညာသင်စရိတ်နှင့် နေထိုင်စားသောက်စရိတ် အပြည့်အဝထောက်ပံ့မည့် အစရိတ်ငြိမ်း (အလုံးစုံတာဝန်ယူမည့်) ပညာသင်ဆု ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ပညာသင်ဆုအား လျှောက်ထားလိုသည့် မြန်မာပိုက်ကျော်ခြင်းကစားသမားများအနေဖြင့် Grade-12 အောင်မြင်ပြီးသူ ဖြစ်ရမည့်အပြင် လက်ရှိတွင် အားကစားကလပ်တစ်ခုခု၌ ပါဝင်ကစားနေပြီး ပိုက်ကျော်ခြင်းအားကစားကို ကျွမ်းကျင်စွာ ကစားနိုင်သူ ဖြစ်ရမည်ဖြစ်သည်။ပညာသင်ဆု ရရှိသူများသည် ဘွဲ့ရရှိသည်အထိ ကျောင်းလခ၊ အဆောင်လခ၊ နေထိုင်စားသောက်စရိတ်နှင့် အားကစားဝတ်စုံစရိတ်များကို အပြည့်အဝ ထောက်ပံ့ခံရမည်ဖြစ်ပြီး တရုတ်ဘာသာစကားနှင့် အခြားစိတ်ပါဝင်စားသည့် ဘာသာရပ်များကို စနစ်တကျ သင်ကြားခွင့်ရရှိမည်ဖြစ်သည်။ထို့ပြင် မိသားစုနောက်ခံအခြေအနေအရ အမှန်တကယ် လိုအပ်ချက်ရှိပါက အပိုဆောင်းထောက်ပံ့ကြေးကိုပါ ထပ်မံဖြည့်စွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လျှောက်လွှာများကို လာမည့် ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ပြီး အသေးစိတ်ကို ဖုန်းနံပါတ် ၀၉-၉၆၈၂၄၄၂၄၆ နှင့် ၀၉-၄၂၁၁၀၉၃၇၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
မြန်မာပိုက်ကျော်ခြင်းကစားသမား ၂ ဦးအား တရုတ်နိုင်ငံ၊ကွမ်ရှီးတိုင်းရင်းသားတက္ကသိုလ်က စရိတ်ငြိမ်း ပညာသင်ဆု ပေးအပ်မည်
Jul 05 • 2:22 AM
China
Local News
Share
| 12 | 0 | 0 | 0 |


