ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ဇူလိုင်လ ၄ ရက်နှင့် ၇ ရက် ညနေ ၄ နာရီအချိန်များတွင် ယှဉ်ပြိုင်ကစားမည့် မြန်မာ ယူ-၂၀ အသင်းနှင့် ဟောင်ကောင် ယူ-၂၀ အသင်းတို့၏ နိုင်ငံတကာခြေစမ်းပွဲစဉ်များကို ပြည်တွင်းအခမဲ့ရုပ်သံလိုင်းများဖြစ်သော MRTV-4 နှင့် Channel-7 တို့မှ တိုက်ရိုက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံသားနည်းပြ ယုဂျီ ကိုင်တွယ်နေသည့် မြန်မာ ယူ-၂၀ အသင်းသည် ပြီးခဲ့သည့် ၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး လာမည့် ၂၀၂၇ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ဘဲ ၂၀၂၉ ပြိုင်ပွဲ ခြေစစ်ပွဲဝင်ခွင့် (Development Phase) အတွက် သီရိလင်္ကာ၊ မော်ဒိုက်၊ ဘရူနိုင်းအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ အလားတူ ခြေစမ်းပွဲယှဉ်ပြိုင်မည့် ဟောင်ကောင် ယူ-၂၀ အသင်းမှာမူ ၂၀၂၇ အာရှဖလား ယူ-၂၀ ပြိုင်ပွဲ ခြေစစ်ပွဲကို တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိထားကြောင်း သိရသည်။
မြန်မာ ယူ-၂၀ အသင်းနှင့် ဟောင်ကောင် ယူ-၂၀ အသင်းတို့၏ ပွဲစဉ်များကို ပြည်တွင်းအခမဲ့ရုပ်သံလိုင်းများမှ ပြသမည်ဖြစ်
Jul 05 • 2:20 AM
Myanmar
Local
Share
| 17 | 0 | 0 | 0 |


