တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်ပြည်နယ်၊ လင်းရွှေးခရိုင်၊ ယေးလင်ကျေးရွာအနီး ကမ်းရိုးတန်းသို့ ယခုနှစ်၏ ၁၀ လုံးမြောက် တိုင်ဖွန်းမုန်တိုင်း ‘မိုင်ဆက်ခ်’ (Maysak) သည် ယမန်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်ခန့်တွင် ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း Reuters သတင်းဖော်ပြချက်အရ သိရသည်။ မုန်တိုင်းဝင်ရောက်စဉ် ဗဟိုချက်အနီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်စက္ကန့်လျှင် ၂၃ မီတာနှုန်းအထိ ရှိခဲ့ပြီး လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ မုန်တိုင်းအန္တရာယ်ကြောင့် ဟိုင်နန်ပြည်နယ်သို့ အဝင်အထွက်ပြုလုပ်မည့် ရထားခရီးစဉ်အားလုံးနှင့် ဆန်းယာဖီးနစ်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေကြောင်းလိုင်းများကို ယာယီပိတ်ထားရသည်။ ထို့ပြင် ချုံးကျိုးရေလက်ကြားကို ဖြတ်သန်းမည့် ကူးတို့သင်္ဘောခရီးစဉ်များကို ရပ်နားထားပြီး ဆန်းယားနှင့် လဲ့တုန်းခရိုင်ရှိ စာသင်ကျောင်းများကိုလည်း ပိတ်ထားရကြောင်း သိရသည်။
Jul 05 • 1:36 AM
China
Local News
Share
| 12 | 0 | 0 | 0 |


