back

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ထိုင်ဝမ်ကျွန်းအရှေ့ဘက် ပင်လယ်ပြင်တွင် တရားဥပဒေစိုးမိုးရေးကင်းလှည့်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိ

Jul 05 • 1:36 AM

breaking-news

China

Local News

cover

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ထိုင်ဝမ်ကျွန်းအရှေ့ဘက် ပင်လယ်ပြင်တွင် တရားဥပဒေစိုးမိုးရေးကင်းလှည့်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိ

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ (CCG) သည် ထိုင်ဝမ်ကျွန်းအရှေ့ဘက် ပင်လယ်ပြင်တွင် တရားဥပဒေစိုးမိုးရေး ပုံမှန်ကင်းလှည့်မှုများကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြော...

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ (CCG) သည် ထိုင်ဝမ်ကျွန်းအရှေ့ဘက် ပင်လယ်ပြင်တွင် တရားဥပဒေစိုးမိုးရေး ပုံမှန်ကင်းလှည့်မှုများကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကျန်းလွှဲ့က ဇူလိုင်လ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။ CCG ၏ ရှို့ဆန်း ရေယာဉ်စုသည် ယခင်ကင်းလှည့်နေသည့် သိုက်ဆန်း ရေယာဉ်စုထံမှ တရားဥပဒေစိုးမိုးရေး ကင်းလှည့်မှုလုပ်ငန်းများကို ဇူလိုင်လ ၄ ရက်နေ့တွင် လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရေယာဉ်စုများသည် ဇွန်လမှစတင်၍ ကင်းလှည့်စစ်ဆေးခြင်း၊ ငါးလုပ်ငန်းကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး ထိုင်ဝမ်ဒေသခံများအပါအဝင် တရုတ်ငါးဖမ်းသမားများ၏ အကျိုးစီးပွားနှင့် အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ပေးခဲ့ကြောင်း သိရသည်။ ရှေ့ဆက်၍လည်း တရုတ်နိုင်ငံ၏ တရားစီရင်ပိုင်ခွင့်ရှိ ပင်လယ်ပြင်တွင် ကင်းလှည့်မှုများကို ပိုမိုအားကောင်းစေကာ နိုင်ငံ၏ ပိုင်နက်နယ်မြေအချုပ်အခြာအာဏာနှင့် ပင်လယ်ရေကြောင်း အခွင့်အရေးများကို ပြတ်ပြတ်သားသား ကာကွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

6