back

မန္တလေးတိုင်းရှိ ကမ္ဘာကျော် ဦးပိန်တံတားတွင် တောင်းရမ်းသူ များပြားလာ၍ ခရီးသွားဧည့်သည်များ အဆင်မပြေဖြစ်နေ

Jul 05 • 1:35 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးတိုင်းရှိ ကမ္ဘာကျော် ဦးပိန်တံတားတွင် တောင်းရမ်းသူ များပြားလာ၍ ခရီးသွားဧည့်သည်များ အဆင်မပြေဖြစ်နေ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းရှိ သက်တမ်းရင့် ကမ္ဘာကျော် ဦးပိန်တံတားကြီးတွင် ယခုနောက်ပိုင်း၌ တောင်းရမ်းစားသောက်သူများ တစ်စထက်တစ်စ များပြားလ...

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းရှိ သက်တမ်းရင့် ကမ္ဘာကျော် ဦးပိန်တံတားကြီးတွင် ယခုနောက်ပိုင်း၌ တောင်းရမ်းစားသောက်သူများ တစ်စထက်တစ်စ များပြားလာခြင်းကြောင့် လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ စိတ်အနှောင့်အယှက်ဖြစ်ရမှုများ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။ဦးပိန်တံတား အရှေ့ဘက်နှင့် အနောက်ဘက်ထိပ်များ၊ ယာဉ်ရပ်နားကွင်းနှင့် တောင်မင်းကြီးဘုရား ပတ်ဝန်းကျင်တို့တွင် ပုံမှန်ရက်များ၌ အနည်းဆုံး ၁၅ ဦးခန့်မှ အခါကြီးရက်ကြီးများတွင် လူ ၃၀ ကျော်အထိ ရှိလာပြီး အချို့မှာ အတင်းအကျပ် လိုက်လံတောင်းရမ်းခြင်း၊ စားသောက်နေသည့် မုန့်နှင့် အအေးများကို ဇွတ်တောင်းခြင်းများ ပြုလုပ်နေကြကြောင်း သိရသည်။ ထိုသို့ လွယ်လွယ်ကူကူ ဝင်ငွေရရှိနေမှုကြောင့် အရွယ်ကောင်း လူငယ်အချို့ပင် လုပ်ငန်းခွင်မဝင်တော့ဘဲ လိုက်လံတောင်းရမ်းမှုများ ရှိလာသဖြင့် ရေရှည်တွင် နိုင်ငံနှင့် ဒေသတွင်း ခရီးသွားလုပ်ငန်း ပုံရိပ်ကို ထိခိုက်လာနိုင်ကြောင်း ဒေသခံများက စိုးရိမ်နေကြသည်။တံတားစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ဖယ်ရှားရှင်းလင်းမှုအချို့ ပြုလုပ်လေ့ရှိသော်လည်း ထိရောက်မှု အားနည်းနေဆဲဖြစ်ရာ လာရောက်လည်ပတ်သူများ စိတ်အပန်းပြေစေရန်နှင့် မလိုလားအပ်သည့် လူမှုရေးပြဿနာများ မဖြစ်ပေါ်စေရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပိုမိုထိရောက်စွာ ထိန်းသိမ်းကြပ်မတ်ပေးရန် ဒေသခံများက လိုလားနေကြကြောင်း သိရသည်။

news-view-count-icon

23