back

ငလျင်နောက်ဆက်တွဲ စိုးရိမ်မှုများကြောင့် မန္တလေးရှိ အထပ်မြင့်တိုက်ခန်း အရောင်းအဝယ်ဈေးကွက် ဆက်လက်အေးစက်နေဆဲဖြစ်

Jul 04 • 12:58 PM

breaking-news

Myanmar

Mandalay

cover

ငလျင်နောက်ဆက်တွဲ စိုးရိမ်မှုများကြောင့် မန္တလေးရှိ အထပ်မြင့်တိုက်ခန်း အရောင်းအဝယ်ဈေးကွက် ဆက်လက်အေးစက်နေဆဲဖြစ်

မန္တလေးမြို့တွင် ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် တစ်နှစ်ကျော် ကြာမြင့်လာခဲ့သော်လည်း ငလျင်နောက်ဆက်တွဲအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေဆဲဖြစ်သောကြောင့် အထပ်မ...

မန္တလေးမြို့တွင် ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် တစ်နှစ်ကျော် ကြာမြင့်လာခဲ့သော်လည်း ငလျင်နောက်ဆက်တွဲအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေဆဲဖြစ်သောကြောင့် အထပ်မြင့်အိမ်ရာတိုက်ခန်းများ၏ အရောင်းအဝယ်ဈေးကွက်မှာ ယနေ့ထက်ထိ ဆက်လက်အေးစက်နေကြောင်း မန္တလေးမြို့အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်များနှင့် လုပ်ငန်းရှင်များထံမှ သိရသည်။ ဝယ်ယူလိုသူများသည် အထပ်မြင့်တိုက်ခန်းများ ဝယ်ယူရန် သတိကြီးစွာ ထားနေကြဆဲဖြစ်ပြီး အဆိုပါအိမ်ခြံမြေဈေးကွက် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန်အတွက် အချိန်ကာလတစ်ခု ထပ်မံလိုအပ်နေသေးကြောင်း သိရသည်။

news-view-count-icon

13