back

ရန်ကုန်တိုင်းဒေသကြီး၊ဥက္ကံမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်၍ နေအိမ်များ ပြိုကျပျက်စီး

Jul 04 • 12:55 PM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်းဒေသကြီး၊ဥက္ကံမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်၍ နေအိမ်များ ပြိုကျပျက်စီး

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့နယ်၊ ဖိုးတီကုန်းကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ...

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့နယ်၊ ဖိုးတီကုန်းကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ပြီး အခြားနေအိမ် (၁၁) လုံး အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာနေရာသို့ ဥက္ကံနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအဖွဲ့က လိုအပ်သည့် ကူညီရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန်အတွက် အရေးပေါ် သွားရောက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

26