မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ ညနေ ၄ နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်းတစ်ခု ဆက်လက်တည်ရှိနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေကြောင်း သိရသည်။ ထို့ပြင် တုံကင်ပင်လယ်ကွေ့ရှိ အပူပိုင်းမုန်တိုင်း “မိုင်ဆက်ခ်” သည်လည်း နောက် ၂၄ နာရီအတွင်း ဗီယက်နမ်မြောက်ပိုင်းနှင့် တရုတ်တောင်ပိုင်း ကမ်းခြေဒေသများကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။ အဆိုပါ အခြေအနေများကြောင့် မနက်ဖြန်နံနက်အထိ မန္တလေးနှင့် စစ်ကိုင်းအောက်ပိုင်းတွင် နေရာကျဲကျဲ၊ မကွေးနှင့် ကယားတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကာ ရန်ကုန်၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်း(မြောက်)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းနေသဖြင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများ ကြိုတင်သတိပြုရန်နှင့် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပြီး လှိုင်းအမြင့် ၁၁ ပေမှ ၁၄ ပေအထိ ရှိနိုင်ကြောင်း မိုး/ဇလက သတိပေးထုတ်ပြန်ထားသည်။
ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအလွန်ကောင်းနေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြား၌ မိုးကြီးနိုင်ကြောင်း မိုး/ဇလ ထုတ်ပြန်
Jul 04 • 12:24 PM
Myanmar
Local
Share
| 26 | 0 | 0 | 0 |


