ကမ္ဘာတစ်ဝန်းရှိ ကလေးငယ်များသည် လူကြီးများထက် ဉာဏ်ရည်တု (AI) နည်းပညာကို သုံးဆပိုမိုအသုံးပြုနေပြီး အနည်းဆုံး ကလေးငယ်သန်း ၂၀ ခန့်သည် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများအတွက် AI ထံမှ အကြံဉာဏ်တောင်းခံခြင်းနှင့် အိမ်စာလုပ်ခြင်းများတွင် အသုံးပြုနေကြကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က နိုင်ငံပေါင်း ၁၀ နိုင်ငံမှ အချက်အလက်များကို ကိုးကား၍ ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း AI စနစ်အများစုမှာ ကလေးငယ်များအတွက် လုံလောက်သော ဘေးကင်းလုံခြုံရေး အကာအကွယ်များမရှိဘဲ ရောက်ရှိနေသဖြင့် ရှည်ကြာသော နောက်ဆက်တွဲ ဆိုးကျိုးများကို ဦးစွာခံစားရနိုင်ကြောင်း ထောက်ပြထားပြီး၊ ကမ္ဘာလုံးဆိုင်ရာ AI စီမံအုပ်ချုပ်မှုတွင် ကလေးသူငယ်အခွင့်အရေးများ ထည့်သွင်းရန်၊ အန္တရာယ်ဖြစ်စေနိုင်သည့် လိင်ပိုင်းဆိုင်ရာအသုံးချမှုများကို တိုက်ဖျက်မည့် ဥပဒေများပြဋ္ဌာန်းရန်နှင့် AI ဒီဇိုင်းများကို ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်ကြပါရန် အစိုးရများနှင့် ပုဂ္ဂလိကကဏ္ဍများကို ယူနီဆက်ဖ်က တိုက်တွန်းထားကြောင်း သိရသည်
ကလေးများသည် လူကြီးများထက် အေအိုင် (AI) နည်းပညာကို သုံးဆပိုမို အသုံးပြုနေကြောင်း ယူနီဆက်ဖ် (UNICEF) ထုတ်ပြန်
Jul 04 • 12:26 PM
Myanmar
International
Share
| 19 | 0 | 0 | 0 |


