back

မြေပြိုမည့်အန္တရာယ်ကြောင့် ချင်းမိုင်အဝေးပြေးလမ်းမကြီးအမှတ် ၁၃၁၄ ကို ယာယီပိတ်ထား

Jul 04 • 12:21 PM

breaking-news

Thailand

Local News

cover

မြေပြိုမည့်အန္တရာယ်ကြောင့် ချင်းမိုင်အဝေးပြေးလမ်းမကြီးအမှတ် ၁၃၁၄ ကို ယာယီပိတ်ထား

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင်ပြည်နယ်တွင် ရက်ပေါင်းများစွာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မယ်အိခရိုင်၊ ဒွိုင်လန်းဒေသတစ်လျှောက်ရှိ အဝေးပြေးလမ်းမကြီးအမှတ်...

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင်ပြည်နယ်တွင် ရက်ပေါင်းများစွာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မယ်အိခရိုင်၊ ဒွိုင်လန်းဒေသတစ်လျှောက်ရှိ အဝေးပြေးလမ်းမကြီးအမှတ် ၁၃၁၄ ၏ အောက်ခြေလမ်းပခုံးမြေကြီးများ ပျော့အိကာ မြေပြိုမှုများ ဖြစ်ပွားခဲ့သဖြင့် ယင်းလမ်းပိုင်းကို ယာယီပိတ်ထားကြောင်း ချင်းမိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်တားဆီးရေးနှင့် လျော့ပါးစေရေးရုံးက ဇူလိုင်လ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ လမ်းကြောင်းသည် တောင်ပေါ်ဒေသများနှင့် ခရီးသွားနေရာများကို ဆက်သွယ်ထားသည့် အရေးပါသော လမ်းပိုင်းဖြစ်သော်လည်း မော်တော်ယာဉ်များ ဖြတ်သန်းပါက တုန်ခါမှုကြောင့် လမ်းပြိုကျကာ အသက်အန္တရာယ် ရှိနိုင်သည့်အတွက် လမ်းကြောင်းတစ်ခုလုံးအား ယာဉ်အသွားအလာ ပိတ်ပင်၍ သတိပေးဆိုင်းဘုတ်များ စိုက်ထူထားကြောင်း၊ မိုးသည်းထန်သည့် ကာလအတွင်း ခရီးသွားမည့်သူများအနေဖြင့် လမ်းကြောင်းအခြေအနေများကို အဝေးပြေးလမ်းမဌာန၏ ကူညီပံ့ပိုးမှုဖုန်းလိုင်း ၁၅၈၆ သို့ ၂၄ နာရီပတ်လုံး ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

news-view-count-icon

13