၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ နံနက် ၆ နာရီ ၅၁ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့၏ တောင်-အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၃.၅ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့ရှိ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ တာမွေ၊ လှိုင်သာယာနှင့် ရွှေပြည်သာ အစရှိသည့် မြို့နယ်များမှ မြို့ခံများအနေဖြင့် အရှေ့အနောက် သိမ့်ခနဲ ဆွဲလှုပ်သွားမှုအား သိသာထင်ရှားစွာ ခံစားခဲ့ရကြောင်း သိရသည်။
ရန်ကုန်တိုင်း ထန်းတပင်မြို့အနီး ဗဟိုပြု၍ အင်အား ၃.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ ရန်ကုန်မြို့ခံများ သိသာစွာ ခံစားခဲ့ရ
Jul 04 • 12:13 PM
Myanmar
Yangon
Share
| 13 | 0 | 0 | 0 |


