ထိုင်းနိုင်ငံ၊ ဖီချစ်ပြည်နယ်၏ မဟာနာယကဆရာတော်ဟောင်း (လူဝတ်လဲထားသူ ဝီရတ်) သည် ဗုဒ္ဓကောလိပ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းထားသည့် အလှူငွေ ဘတ် ၃ သန်းအား ၎င်း၏ကိုယ်ပိုင်ဘဏ်အကောင့်ထဲသို့ လွှဲပြောင်းကာ ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ခဲ့မှုဖြင့် ဇူလိုင်လ ၂ ရက်နေ့က အကျင့်ပျက်ခြစားမှုဆိုင်ရာ ဗဟိုတရားရုံးမှ ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ပြီး အဆိုပါငွေများကိုလည်း တက္ကသိုလ်ထံ ပြန်လည်ပေးလျော်ရန် အမိန့်ချခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် အကြီးအကျယ်ဂယက်ရိုက်ခဲ့သည့် အမျိုးသမီးတစ်ဦးနှင့် ပတ်သက်သော လိင်အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်ခဲ့သဖြင့် ပြီးခဲ့သည့်နှစ်က သံဃာ့ဘောင်မှ လူထွက်ခဲ့သည့် အဆိုပါဆရာတော်ဟောင်းသည် အမှုစစ်ဆေးစဉ်ကာလတစ်လျှောက်လုံး အာမခံလျှောက်ထားခွင့်မရဘဲ ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကာ၊ ထိုင်းဥပဒေအရ အကြီးတန်းသံဃာတော်များသည် နိုင်ငံ့ဝန်ထမ်းအဖြစ် သတ်မှတ်ခံထားရသဖြင့် ယခုကဲ့သို့ နိုင်ငံပိုင်ပစ္စည်းအလွဲသုံးစားမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ဘတ် ၃ သန်း အလွဲသုံးစားမှုဖြင့် ထိုင်းဆရာတော်ဟောင်းတစ်ပါးအား ထောင်ဒဏ် ၁၂ နှစ် ချမှတ်
Jul 04 • 12:14 PM
Thailand
Local News
Share
| 16 | 0 | 0 | 0 |


