back

ဂိုးသမား အိုနာနာကို မန်ယူနိုက်တက်က တူရကီကလပ် ထရတ်ဇွန်စပေါ်အသင်းထံ တစ်ရာသီ အငှားထပ်မံချထား

Jul 04 • 12:12 PM

breaking-news

Myanmar

International

cover

ဂိုးသမား အိုနာနာကို မန်ယူနိုက်တက်က တူရကီကလပ် ထရတ်ဇွန်စပေါ်အသင်းထံ တစ်ရာသီ အငှားထပ်မံချထား

မန်ယူနိုက်တက်အသင်းသည် ၎င်းတို့၏ ဂိုးသမား အိုနာနာကို တူရကီကလပ် ထရတ်ဇွန်စပေါ်အသင်းထံသို့ အပြီးသတ်ခေါ်ယူခွင့်မပါဝင်ဘဲ လစာအပြည့်ပေးချေရမည့်စနစ်ဖြင့် တစ်ရာသီ အငှားထပ...

မန်ယူနိုက်တက်အသင်းသည် ၎င်းတို့၏ ဂိုးသမား အိုနာနာကို တူရကီကလပ် ထရတ်ဇွန်စပေါ်အသင်းထံသို့ အပြီးသတ်ခေါ်ယူခွင့်မပါဝင်ဘဲ လစာအပြည့်ပေးချေရမည့်စနစ်ဖြင့် တစ်ရာသီ အငှားထပ်မံချထားခဲ့ကြောင်း သိရသည်။ အိုနာနာသည် ပြီးခဲ့သည့်ရာသီကလည်း ထရတ်ဇွန်စပေါ်အသင်းတွင် ၂၉ ပွဲ ပါဝင်ကစားပေးခဲ့ပြီး အသင်းနှင့်အတူ တူရကီဖလားဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။ ၎င်းသည် ၂၀၂၃ ခုနှစ်တွင် အင်တာမီလန်အသင်းမှ ပေါင် ၄၇.၂ သန်းဖြင့် မန်ယူနိုက်တက်သို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိတွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်း နှစ်နှစ်ကျန်ရှိနေသေးကြောင်း သိရသည်။

news-view-count-icon

15