back

AFC Challenge League အတွက် ရန်ကုန်ယူနိုက်တက်က ရုရှားတောင်ပံကစားသမား ဒန်နီရယ်မူဆက်ကင်ကို ခေါ်ယူ

Jul 04 • 12:04 PM

breaking-news

Myanmar

Local

cover

AFC Challenge League အတွက် ရန်ကုန်ယူနိုက်တက်က ရုရှားတောင်ပံကစားသမား ဒန်နီရယ်မူဆက်ကင်ကို ခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် AFC Challenge League 2026-27 ပြိုင်ပွဲနှင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများအတွက် အသင်းအားဖြည့်မှုအဖြစ် သီရိလင်္ကာကလပ် Pelicans...

ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် AFC Challenge League 2026-27 ပြိုင်ပွဲနှင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများအတွက် အသင်းအားဖြည့်မှုအဖြစ် သီရိလင်္ကာကလပ် Pelicans FC မှ ရုရှားနိုင်ငံသား ညာတောင်ပံကစားသမား ဒန်နီရယ်မူဆက်ကင် (Daniil Musatkin) ကို တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။ ဒန်နီရယ်မူဆက်ကင်သည် ယခင်က မွန်ဂိုလီးယားကလပ် SP Falcon အသင်းနှင့်အတူ AFC Challenge League ပြိုင်ပွဲတွင် နှစ်ရာသီဆက်တိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး အုပ်စုအဆင့်၌ သွင်းဂိုးတစ်ဂိုး သွင်းယူထားနိုင်ခဲ့သည့် အတွေ့အကြုံရှိ ကစားသမားတစ်ဦးဖြစ်ကြောင်း သိရသည်။

news-view-count-icon

19