လပေါ်တွင် သွားရောက်တာဝန်ထမ်းဆောင်မည့် အာကာသယာဉ်မှူးများကို လေ့ကျင့်ပေးနိုင်ရန်အတွက် လကမ္ဘာမျက်နှာပြင်နှင့် အနီးစပ်ဆုံးတူညီသည့် မြေပြင်အခြေစိုက် "လကမ္ဘာ လေ့ကျင့်ရေးကွင်း" တစ်ခုကို ရုရှားနိုင်ငံက တည်ဆောက်နေကြောင်း သိရသည်။ ရုရှားဖက်ဒရယ် ဆေးဘက်ဆိုင်ရာနှင့် ဇီဝဗေဒအေဂျင်စီ (FMBA) အောက်ရှိ အာကာသဆေးပညာနှင့် ဇီဝဗေဒဗဟိုဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ ယင်းစီမံကိန်းသည် ရုရှားအာကာသစက်မှုလုပ်ငန်း၏ မဟာဗျူဟာမြောက် ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ကာ အာကာသယာဉ်မှူးများ လကမ္ဘာမျက်နှာပြင်ပေါ်တွင် အဆင်ပြေချောမွေ့စွာ အလုပ်လုပ်ကိုင်နိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်ပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
Jul 04 • 12:03 PM
Myanmar
International
Share
| 20 | 0 | 0 | 0 |


