အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအင်အကျပ်အတည်းသည် ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်အပေါ် လက်ရှိတွင် သက်ရောက်မှု မရှိသေးကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ စီးပွားရေးပညာရှင် မော်နီကာ တော့ဟိုဗာ (Monica Tothova) က ပြောကြားခဲ့သည်။ ကမ္ဘာ့စိုက်ပျိုးရေးကဏ္ဍတွင် အရန်ရိက္ခာ အလုံအလောက်ရှိခြင်း၊ သီးနှံအထွက်နှုန်း ကောင်းမွန်ခြင်းနှင့် အဓိကထုတ်လုပ်သည့် နိုင်ငံများမှ ထောက်ပံ့မှု အားကောင်းခြင်းတို့ကြောင့် စားနပ်ရိက္ခာဈေးကွက်မှာ တည်ငြိမ်နေခြင်းဖြစ်သည်။စွမ်းအင်နှင့် မြေဩဇာဈေးနှုန်း ကြီးမြင့်မှုသည် ရာသီဥတု ကောင်းမွန်ခြင်း၊ သွင်းအားစုများကို ကြိုတင်ဝယ်ယူထားခြင်းတို့ကြောင့် စားနပ်ရိက္ခာဈေးနှုန်းများကို ချက်ချင်း ထိုးတက်သွားစေခြင်း မရှိသော်လည်း ရေရှည်တွင်မူ အနာဂတ်စိုက်ပျိုးထုတ်လုပ်မှုနှင့် သီးနှံအထွက်နှုန်းကို ထိခိုက်နိုင်ခြေရှိကြောင်း သိရသည်။ ထို့ပြင် စားသုံးသူများ ဝယ်ယူရသည့် လက်လီဈေးနှုန်းတွင် အချောကိုင်ခြင်း၊ ထုပ်ပိုးခြင်းနှင့် သယ်ယူပို့ဆောင်ခ စသည့် အခြားကုန်ကျစရိတ်များစွာ ပါဝင်နေသဖြင့် ကုန်စည်ဈေးကွက်လှုပ်ခတ်မှုသည် စားသုံးသူများထံသို့ အချိန်နှောင့်နှေးပြီးမှသာ ရိုက်ခတ်လေ့ရှိကြောင်း၊ လက်ရှိ FAO ၏ စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်းသည် ၂၀၂၆ ခုနှစ် ဇွန်လတွင် တစ်လတာအတွင်း ၀.၃ ရာခိုင်နှုန်း ကျဆင်းကာ ၁၃၀.၃ မှတ်တွင် ရှိနေကြောင်း ထုတ်ပြန်ထားသည်။
Jul 04 • 12:02 PM
Myanmar
International
Share
| 18 | 0 | 0 | 0 |


