back

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၁၈၁ အနီး ယာဉ်တိုက်မှုဖြစ်ပွား၊ အမျိုးသား ၃ ဦး ဒဏ်ရာရ

Jul 04 • 12:01 PM

breaking-news

Myanmar

Yangon

cover

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၁၈၁ အနီး ယာဉ်တိုက်မှုဖြစ်ပွား၊ အမျိုးသား ၃ ဦး ဒဏ်ရာရ

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၈၁/၅ တွင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်း...

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၈၁/၅ တွင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ သစ်ပင်အား ဝင်ရောက်တိုက်မိသည့် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်ကြောင့် သာဂရအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရပြီး၊ ယာဉ်ပေါ်ပါ အမျိုးသား ၃ ဦးတွင် (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ဒဏ်ရာရရှိသူများအား လူငယ်တွဲလက်လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

13