back

အယ်လီဂရီကို နာပိုလီအသင်းနည်းပြအဖြစ် ခန့်အပ်

Jul 04 • 12:00 PM

breaking-news

Myanmar

International

cover

အယ်လီဂရီကို နာပိုလီအသင်းနည်းပြအဖြစ် ခန့်အပ်

နာပိုလီအသင်းသည် အေစီမီလန်နှင့် ဂျူဗင်တပ်စ်နည်းပြဟောင်း ဖြစ်သူ အယ်လီဂရီကို သုံးနှစ်သက်တမ်းရှိ စာချုပ်ဖြင့် နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့သည်။ ပြီးခဲ့သည့်...

နာပိုလီအသင်းသည် အေစီမီလန်နှင့် ဂျူဗင်တပ်စ်နည်းပြဟောင်း ဖြစ်သူ အယ်လီဂရီကို သုံးနှစ်သက်တမ်းရှိ စာချုပ်ဖြင့် နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့သည်။ ပြီးခဲ့သည့် မေလကုန်တွင် နည်းပြ ကွန်တီ နာပိုလီအသင်းမှ ထွက်ခွာသွားပြီးကတည်းက အယ်လီဂရီသည် နည်းပြသစ်ဖြစ်လာရန် ရေပန်းစားခဲ့သူ ဖြစ်သည်။ အယ်လီဂရီသည် ၂၀၁၁ ခုနှစ်က အေစီမီလန်အသင်းအား စီးရီးအေချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးခဲ့ဖူးသလို၊ ဂျူဗင်တပ်စ်အသင်းနှင့်အတူလည်း စီးရီးအေချန်ပီယံဆု ၅ ကြိမ်အပါအဝင် ပြည်တွင်းဆုဖလားများစွာ ဆွတ်ခူးပေးနိုင်ခဲ့သူဖြစ်သည်။ သို့သော်လည်း ပြီးခဲ့သည့်ရာသီက အေစီမီလန်အသင်းကို တစ်ကျော့ပြန် ကိုင်တွယ်စဉ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့သဖြင့် ရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် ယခုအခါ နာပိုလီအသင်းသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

news-view-count-icon

20