back

နိုင်ငံ့ဂုဏ်ဆောင်ဆုကို KBZ Foundation ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ (၁) တို့ ရရှိ

Jul 04 • 11:59 AM

breaking-news

Myanmar

Local

cover

နိုင်ငံ့ဂုဏ်ဆောင်ဆုကို KBZ Foundation ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ (၁) တို့ ရရှိ

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ပေးအပ်ချီးမြှင့်သည့် "နိုင်ငံ့ဂုဏ်ဆောင်ဆု" ကို KBZ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းနှင့် ဒုတိယဥက္ကဋ္ဌ (၁) ဒေ...

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ပေးအပ်ချီးမြှင့်သည့် "နိုင်ငံ့ဂုဏ်ဆောင်ဆု" ကို KBZ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းနှင့် ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်နန်းခမ်းနောင့်တို့က ဇူလိုင်လ ၃ ရက် (မြန်မာအမျိုးသမီးများနေ့) တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။ ဆုရရှိသူ အဆိုပါ လူငယ်အမျိုးသမီးလုပ်ငန်းရှင်နှစ်ဦးသည် ကမ္ဘောဇမိသားစုပိုင် စီးပွားရေးလုပ်ငန်းများနှင့် အသုံးပြုသူ ၂၂ သန်းကျော်ရှိသော KBZPay ကို ဦးဆောင်တည်ထောင်ခဲ့သူများ ဖြစ်ကြသည်။ ထို့ပြင် မြန်မာ့ Esports အားကစားကဏ္ဍ ကမ္ဘာ့အဆင့်သို့ တက်လှမ်းနိုင်ရေးနှင့် ၂၀၂၅ ခုနှစ် Esports ကမ္ဘာ့ဖလားပြိုင်ပွဲ၌ မြန်မာအသင်း ကမ္ဘာ့ချန်ပီယံ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ရေး ပံ့ပိုးပေးခဲ့သလို၊ KBZ Foundation မှတစ်ဆင့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍစုံတွင် ကူညီပံ့ပိုးပေးလျက်ရှိရာ၊ လတ်တလောတွင်လည်း ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (သိပ္ပံဘာသာတွဲ) ၌ တစ်နိုင်ငံလုံး ပထမရရှိခဲ့သည့် မနီနီကျော်အား ငွေကျပ်သိန်း ၁,၀၀၀ ပညာသင်ဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။

news-view-count-icon

23