back

သုံးလအတွင်း ခွင့်ပြန်ပြည်ပလုပ်သား ၁,၁၀၀ ကျော် ပြန်ထွက်ခွာခွင့် ပယ်ချခံရ

Jul 04 • 11:58 AM

breaking-news

Myanmar

Local

cover

သုံးလအတွင်း ခွင့်ပြန်ပြည်ပလုပ်သား ၁,၁၀၀ ကျော် ပြန်ထွက်ခွာခွင့် ပယ်ချခံရ

ပြည်ပမှ မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ခေတ္တပြန်လာကြသည့် အလုပ်သမားများအနက် ပြီးခဲ့သည့် သုံးလ (ဧပြီ၊ မေ၊ ဇွန်) အတွင်း စုစုပေါင်း အလုပ်သမား ၁,၁၀၄ ဦး ပြည်ပသို့ ပြန်လ...

ပြည်ပမှ မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ခေတ္တပြန်လာကြသည့် အလုပ်သမားများအနက် ပြီးခဲ့သည့် သုံးလ (ဧပြီ၊ မေ၊ ဇွန်) အတွင်း စုစုပေါင်း အလုပ်သမား ၁,၁၀၄ ဦး ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့် ပယ်ချခံခဲ့ရကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများနှင့် အလုပ်သမားအရေး ကူညီသူများထံမှ သိရသည်။ အဆိုပါ အလုပ်သမားအများစုမှာ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံ (OWIC) ကတ် ရှိကြသော်လည်း လုပ်ခလစာ ၂၅ ရာခိုင်နှုန်းအား တရားဝင်လမ်းကြောင်းမှ လွှဲပြောင်းထားသည့် အထောက်အထား မပြည့်စုံခြင်း၊ အလုပ်ရှင်ခွင့်စာ သို့မဟုတ် သံရုံးထောက်ခံစာ မပါရှိခြင်း၊ အခွန်ပေးဆောင်မှု၊ ဗီဇာနှင့် ရပ်ကွက်/ရဲစခန်း ထောက်ခံစာ လိုအပ်ချက်များရှိခြင်း စသည့် အကြောင်းပြချက်အမျိုးမျိုးဖြင့် လေဆိပ်၌ ပယ်ချခံခဲ့ရခြင်း ဖြစ်သည်။ အာဏာပိုင်များအနေဖြင့် ပြည်ပရောက်လုပ်သားများအပေါ် ကန့်သတ်ချက်များ ပိုမိုတင်းကျပ်လာခြင်းကြောင့် အလုပ်သမားများ၏ လွတ်လပ်စွာ အလုပ်လုပ်ကိုင်ခွင့်ကို ထိခိုက်လာနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက သုံးသပ်ထားကြသည်။

news-view-count-icon

20