ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက သန်လျင်မြို့နယ်သို့ ကွင်းဆင်းစစ်ဆေးကာ မီတာဖတ်ရှုမှု မှန်ကန်စေရေး၊ ဓာတ်အားလေလွင့်မှု လျှော့ချရေးနှင့် သန်လျင်ရေနံချက်စက်ရုံသို့ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေး လုပ်ငန်းစဉ်များကို စစ်ဆေးခဲ့ကြောင်း သိရသည်။ YESC ဥက္ကဋ္ဌသည် သန်လျင်မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၌ မီတာခကြွေးကျန်များနှင့် စာရင်းသွင်းမှုများကို စစ်ဆေးခဲ့ပြီး၊ မီတာစာရေးများအနေဖြင့် မီတာများကို ကိုယ်တိုင်စနစ်တကျဖတ်ရှုရန်၊ ထူးခြားမှုရှိပါက လျှပ်စစ်ပုံစံ (၂၉၀) ဖြင့် ချက်ချင်းတင်ပြရန်၊ မီတာခကြွေးကျန်များကို အပြည့်အဝကောက်ခံရန်နှင့် တရားမဝင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုများကို စိစစ်အရေးယူရန် လမ်းညွှန်မှာကြားခဲ့သည်။
သန်လျင်တွင် မီတာဖတ်ရှုမှု မှန်ကန်ရေးနှင့် ရေနံချက်စက်ရုံ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး YESC ဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး
Jul 04 • 11:57 AM
Myanmar
Yangon
Share
| 11 | 0 | 0 | 0 |


