စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် CMP သွင်းကုန်လိုင်စင်များကို အချက်အလက်ပြည့်စုံစွာ လျှောက်ထားလာပါက ပုံမှန်လုပ်ငန်းစဉ်အတိုင်း နေ့ချင်းပြီး စိစစ်ခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ လျှောက်ထားသူများအနေဖြင့် TradeNet 2.0 စနစ်မှတစ်ဆင့် သက်ဆိုင်ရာ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းအသင်းနှင့် စက်မှုကုန်ထုတ်လုပ်ငန်းအသင်းတို့၏ စိစစ်ထောက်ခံချက်များနှင့်အတူ တင်ပြရခြင်းဖြစ်ပြီး၊ သုံးလတာကာလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၂၂ ဘီလီယံတန်ဖိုးရှိ CMP သွင်းကုန်လိုင်စင်ပေါင်း ၈,၀၄၂ စောင်ကို စိစစ်ထုတ်ပေးခဲ့ကြောင်း သိရသည်။
Jul 04 • 11:55 AM
Myanmar
Local
Share
| 19 | 0 | 0 | 0 |


