ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ၏ (၆၂) ကြိမ်မြောက် ညီလာခံအတွင်း ကျင်းပသည့် နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် တရုတ်နိုင်ငံက နိုင်ငံပေါင်း ၆၅ နိုင်ငံကိုယ်စား AI (ဉာဏ်ရည်တု) နည်းပညာကို လူတိုင်းလက်လှမ်းမီ အသုံးပြုနိုင်ရေးအတွက် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂရုံးဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် ကျားဂွိုက်ဒဲက အဆိုပါ ကြေညာချက်ကို ဖတ်ကြားတင်ပြခဲ့ပြီး လူ့အခွင့်အရေးအားလုံးကို ပြည့်ဝစွာခံစားနိုင်ရန် AI နည်းပညာကို လက်လှမ်းမီအသုံးပြုနိုင်ရေးနှင့် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို အပြည့်အဝအကောင်အထည်ဖော်ရန် အဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းခဲ့ကြောင်း သိရသည်။
Jul 04 • 11:49 AM
Myanmar
International
Share
| 11 | 0 | 0 | 0 |


