မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ဂျပန်နိုင်ငံ၌ ကျင်းပမည့် U-12 Junior Soccer World Challenge 2026 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၂ လက်ရွေးစင်အသင်းအတွက် ကစားသမားရွေးချယ်ပွဲကို လာမည့် ဇူလိုင်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ နိုင်ငံတကာလူငယ်ဘောလုံးပြိုင်ပွဲသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် လူငယ်ကစားသမားများ နိုင်ငံတကာအတွေ့အကြုံရရှိစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်မှစတင်ကာ နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ၂၀၂၆ ခုနှစ်တွင် စတုတ္ထအကြိမ်မြောက်အဖြစ် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
Jul 04 • 11:48 AM
Myanmar
Local
Share
| 16 | 0 | 0 | 0 |


