back

ရပ်တန့်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်နေဟု ဒုဝန်ကြီးပြော

Jul 04 • 11:47 AM

breaking-news

Myanmar

Tanintharyi

cover

ရပ်တန့်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်နေဟု ဒုဝန်ကြီးပြော

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ရပ်တန့်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရ...

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ရပ်တန့်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်က ဇူလိုင်လ ၃ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၌ ပြောကြားခဲ့သည်။ ယင်းပြောကြားချက်မှာ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်စိန်၏ ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်စီမံကိန်း ရပ်တန့်နေမှုနှင့် ပတ်သက်သည့် မေးခွန်းအား လွှတ်တော်တွင် ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

9