ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း-အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်လ ၃ ရက် ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့် ပြည်နယ် ၉ ခုတို့တွင် ဇူလိုင်လ ၄ ရက် (မနက်ဖြန်) နံနက်ပိုင်းအထိ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
Jul 04 • 11:43 AM
Myanmar
Local
Share
| 19 | 0 | 0 | 0 |


