back

ဇူလိုင်တွင် မုတ်သုံမိုး ပျှမ်းမျှအောက်သာ ရွာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာန သတိပေး

Jul 04 • 11:42 AM

breaking-news

Myanmar

International

cover

ဇူလိုင်တွင် မုတ်သုံမိုး ပျှမ်းမျှအောက်သာ ရွာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာန သတိပေး

အိန္ဒိယနိုင်ငံတွင် အနောက်တောင်မုတ်သုံလေ ဝင်ရောက်မှု နှောင့်နှေးခဲ့ပြီးနောက် ဇူလိုင်လအတွင်း မိုးရွာသွန်းမှုသည် ရေရှည်ပျှမ်းမျှ၏ ၉၄ ရာခိုင်နှုန်းခန့်သာ ရှိနိုင်သဖ...

အိန္ဒိယနိုင်ငံတွင် အနောက်တောင်မုတ်သုံလေ ဝင်ရောက်မှု နှောင့်နှေးခဲ့ပြီးနောက် ဇူလိုင်လအတွင်း မိုးရွာသွန်းမှုသည် ရေရှည်ပျှမ်းမျှ၏ ၉၄ ရာခိုင်နှုန်းခန့်သာ ရှိနိုင်သဖြင့် ပျှမ်းမျှအောက် လျော့နည်းနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာန (IMD) က သတိပေးထားသည်။ အိန္ဒိယနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် နှစ်စဉ်မိုးရေချိန်၏ ၇၀ ရာခိုင်နှုန်းနီးပါးကို အနောက်တောင်မုတ်သုံလေအပေါ် မှီခိုနေရခြင်းဖြစ်ရာ ယခုကဲ့သို့ မိုးလျော့နည်းမည့် ခန့်မှန်းချက်ကြောင့် နိုင်ငံ၏ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထုတ်လုပ်မှုကဏ္ဍအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်စေလျက်ရှိကြောင်း သိရသည်။

news-view-count-icon

12