ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဆက်လက်တည်ရှိနေပြီး ပိုမိုအားကောင်းလာနိုင်ကြောင်း၊ လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့၌ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ထို့ပြင် တောင်တရုတ်ပင်လယ်ပြင်ရှိ အပူပိုင်းမုန်တိုင်းငယ်သည် အားပိုကောင်းလာကာ "မိုင်ဆက်ခ်" (Maysak) အမည်ရှိ အပူပိုင်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာပြီး ဟိုင်နန်ကျွန်းဘက်သို့ ရွေ့လျားလျက်ရှိကြောင်း သိရသည်။ မုတ်သုံလေ အားအလွန်ကောင်းနေမှုကြောင့် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၁၁ ပေအထိ မြင့်တက်လာနိုင်သဖြင့် ကမ်းရိုးတန်းရေယာဉ်များနှင့် ငါးဖမ်းသင်္ဘောများအနေဖြင့် အထူးသတိပြုရန် မိုးဇလက သတိပေးနှိုးဆော်ထားသည်။
မုတ်သုံလေအား အလွန်ကောင်းနေ၍ ပင်လယ်လှိုင်း ၁၁ ပေအထိ မြင့်တက်နိုင်၊ ကမ်းရိုးတန်းရေယာဉ်များ သတိပြုရန် မိုးဇလ သတိပေး
Jul 04 • 8:42 AM
Myanmar
Local
Share
| 31 | 0 | 0 | 0 |


