back

အမေရိကန်၌ စတုရန်းပေ ၉၀,၀၀၀ ကျယ်ဝန်းသည့် "ရိုဘော့ပန်းခြံ" ဖွင့်လှစ်

Jul 03 • 1:57 PM

breaking-news

Myanmar

International

cover

အမေရိကန်၌ စတုရန်းပေ ၉၀,၀၀၀ ကျယ်ဝန်းသည့် "ရိုဘော့ပန်းခြံ" ဖွင့်လှစ်

လက်ရှိတွင် ကုမ္ပဏီတန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံကျော်ရှိသော အမေရိကန်စက်ရုပ်နည်းပညာကုမ္ပဏီ Apptronik သည် တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့၌ စတုရန်းပေ ၉၀,၀၀၀ န...

လက်ရှိတွင် ကုမ္ပဏီတန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံကျော်ရှိသော အမေရိကန်စက်ရုပ်နည်းပညာကုမ္ပဏီ Apptronik သည် တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့၌ စတုရန်းပေ ၉၀,၀၀၀ နီးပါးကျယ်ဝန်းသည့် ရိုဘော့ပန်းခြံကြီးတစ်ခုကို အကြီးစား AI လေ့ကျင့်ရေးစင်တာအဖြစ် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ အဆိုပါစင်တာတွင် ကုမ္ပဏီ၏ "Apollo" အမည်ရ လူတူစက်ရုပ်များကို လက်တွေ့လုပ်ငန်းခွင်အတုများဖြစ်သည့် ကုန်လှောင်ရုံ၊ စက်ရုံနှင့် အရောင်းဆိုင်များအတွင်း ပစ္စည်းရွှေ့ပြောင်းခြင်းနှင့် အမျိုးအစားခွဲခြင်း စသည့်အလုပ်များကို အပြင်းအထန် လေ့ကျင့်ပေးလျက်ရှိသည်။ ထိုသို့ လေ့ကျင့်ရာတွင် လူသားအော်ပရေတာများက ထိန်းချုပ်လမ်းညွှန်ပေးခြင်းဖြင့် လက်တွေ့ကမ္ဘာမှ အဖိုးတန်ဒေတာများကို စုဆောင်းရရှိစေပြီး ရေရှည်တွင် စက်ရုပ်များ၏ AI စနစ်ဖြင့် ကိုယ်ပိုင်ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းကို ပိုမိုထက်မြက်လာစေမည်ဖြစ်သောကြောင့် Apptronik က ယင်းစင်တာကြီးကို မျိုးဆက်သစ်လူတူစက်ရုပ်များအတွက် "ဒေတာစက်ရုံ" ကြီးဟု တင်စားခေါ်ဆိုထားကြောင်း သိရသည်။

news-view-count-icon

10