ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်သက်တမ်းတိုးသည့် ဆိုင်ကယ်အားလုံးကို ဘေးတွဲတပ်ဆင်အသုံးမပြုရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) က ဝန်ခံကတိလက်မှတ် ရေးထိုးခိုင်းနေကြောင်း သိရသည်။ သန်လျင်၊ ကျောက်တန်း၊ သုံးခွနှင့် ခရမ်းမြို့နယ်များမှ ဆိုင်ကယ်များကို သန်လျင်ကညနရုံး၌ လိုင်စင်သက်တမ်းတိုးပေးရာတွင် ယခုကဲ့သို့ ခံဝန်ကတိထိုးခိုင်းခြင်းဖြစ်ပြီး တားမြစ်ချက်ကို ဖောက်ဖျက်ပါက ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၅ နှင့် ၉၆ တို့အရ ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်များ ချမှတ်ခံရမည်ဖြစ်သည်။ ရန်ကုန်တိုင်းအတွင်း ဆယ်စုနှစ်နီးပါး အခြေခံသယ်ယူပို့ဆောင်ရေးအဖြစ် အသုံးပြုလာသည့် ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ် ၈ သောင်းကျော်အား တရားဝင်မှတ်ပုံတင်ပေးရန် မရှိကြောင်း အာဏာပိုင်များက ပြောကြားထားသဖြင့် ယခုကဲ့သို့ ဖျက်သိမ်းရန် လုပ်ဆောင်မှုအပေါ် အခြေခံလူတန်းစားများ၏ စားဝတ်နေရေးကို ထိခိုက်စေနိုင်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။
Jul 03 • 1:56 PM
Myanmar
Yangon
Share
| 14 | 0 | 0 | 0 |


