ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ သမိုင်းဝင် ဘွဲ့နှင်းသဘင်အဆောက်အအုံအနီးနှင့် လမ်းသွယ်များရှိ စိန်ပန်းပင်အချို့အပါအဝင် အရိပ်ရပင်များကို ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်အတွင်းက ခုတ်လှဲရှင်းလင်းခဲ့မှုအပေါ် တက္ကသိုလ်ကျောင်းသားဟောင်းများနှင့် တက္ကသိုလ်ချစ်သူများက စိတ်မကောင်းဖြစ်ကာ ဝေဖန်မှုများရှိနေကြောင်း သိရသည်။ ကျောင်းသားဟောင်းများက တက္ကသိုလ်၏ သင်္ကေတဖြစ်ပြီး သမိုင်းကြောင်းအရ ခွဲခြားမရသော စိန်ပန်းပင်များကို ယခုကဲ့သို့ ခုတ်လှဲလိုက်ခြင်းသည် အစားထိုးမရသည့် ဆုံးရှုံးမှုဖြစ်ပြီး တက္ကသိုလ်၏ အင်္ဂါရပ်ကို ထိခိုက်စေကြောင်း ထောက်ပြကြပြီး၊ နောက်ထပ် အဆောက်အအုံများနှင့် လွတ်ကင်းသည့် အရိပ်ရပင်များကို ဆက်မခုတ်ရန်အတွက် ယခုလအတွင်း တာဝန်ရှိသူများထံ မေတ္တာရပ်ခံစာ ပေးပို့ရန် စီစဉ်နေကြကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်အနီးရှိ စိန်ပန်းပင်များ ခုတ်လှဲခံရမှုအပေါ် ကျောင်းသားဟောင်းများနှင့် တက္ကသိုလ်ချစ်သူများ ဝေဖန်
Jul 03 • 1:55 PM
Myanmar
Yangon
Share
| 15 | 0 | 0 | 0 |


