back

တရုတ်သို့ ငွေချေးမှုများကို ကမ္ဘာ့ဘဏ် အဆုံးသတ်တော့မည်

Jul 03 • 1:54 PM

breaking-news

China

Local News

cover

တရုတ်သို့ ငွေချေးမှုများကို ကမ္ဘာ့ဘဏ် အဆုံးသတ်တော့မည်

နိုင်ငံများနှင့် မိတ်ဖက်အဖြစ် ပူးပေါင်းရေး မူဘောင်သစ်အရ ကမ္ဘာ့ဘဏ်သည် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သော တရုတ်နိုင်ငံသို့ ငွေချေးပေးမှုများကို တဖြည်းဖ...

နိုင်ငံများနှင့် မိတ်ဖက်အဖြစ် ပူးပေါင်းရေး မူဘောင်သစ်အရ ကမ္ဘာ့ဘဏ်သည် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သော တရုတ်နိုင်ငံသို့ ငွေချေးပေးမှုများကို တဖြည်းဖြည်း လျှော့ချသွားမည်ဖြစ်ပြီး ၂၀၃၁ ခုနှစ်တွင် လုံးဝရပ်တန့်သွားမည်ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ သိသာထင်ရှားသော ဖွံ့ဖြိုးတိုးတက်မှုများနှင့် ဆင်းရဲမွဲတေမှု လျှော့ချနိုင်မှုတို့ကြောင့် ကမ္ဘာ့ဘဏ်၏ ငွေချေးမှုမှာ မကြာမီနှစ်များအတွင်း ဆက်တိုက်ကျဆင်းလာခဲ့ရာ ၂၀၁၇ ခုနှစ်က အမြင့်ဆုံး အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄ ဘီလီယံ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ဒေါ်လာ သန်း ၇၅၀ သို့ ရောက်ရှိလာခဲ့ကြောင်းနှင့် ယခုအခါ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးမှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အရာရှိကြီးတစ်ဦးက အတည်ပြုပြောကြားထားသည်။

news-view-count-icon

7