၄.၇.၂၀၂၆ ရက်ယနေ့၊ ၀၆နာရီ ၁၀မိနစ် အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၂၀ ရပ်ကွက် ရွှေဟင်္သာ(၃)လမ်းတွင် ကားမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါမီးေလာင်ကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ၇၀ နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြစ် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၆ နာရီ၁၇မိနစ်အချိန်တွင် မီးငြိမ်းပါသည်။



