ထိုင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (DBD) နှင့် အခွန်ဦးစီးဌာနတို့သည် တရားမဝင်စီးပွားရေးလုပ်ငန်းများကို ပူးပေါင်းနှိမ်နင်းရန်နှင့် လုပ်ငန်းရှင်များကို ပိုမိုဝန်ဆောင်မှုပေးနိုင်ရန်အတွက် သတင်းအချက်အလက်များ ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ နှစ်ဦးစီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းရှိ လုပ်ငန်းများ၏ အခွန်မှတ်တမ်း၊ ရှယ်ယာရှင်အချက်အလက်နှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ချိတ်ဆက်စစ်ဆေးသွားမည်ဖြစ်ပြီး၊ ယခုကဲ့သို့ သတင်းအချက်အလက်လဲလှယ်ခြင်းဖြင့် ထိုင်းနိုင်ငံသားအမည်ခံ (Nominee) အသုံးပြုကာ နိုင်ငံခြားသားများ တရားမဝင်စီးပွားရေးလုပ်ကိုင်နေမှုများနှင့် လိမ်လည်မှုများကို တားဆီးနိုင်မည်ဖြစ်၍ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပိုမိုတိုးတက်လာစေမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အခွန်ဦးစီးဌာန ပူးပေါင်းပြီး တရားမဝင်စီးပွားရေးလုပ်ငန်းများကို နှိမ်နင်းမည်
Jul 03 • 9:54 AM
Thailand
Local News
Share
| 12 | 0 | 0 | 0 |


