back

ကမ္ဘာ့ဖလားရှုံးထွက်အဆင့်တွင် ဂိုးသွင်းနိုင်သည့် အသက်အကြီးဆုံးကစားသမားအဖြစ် စီရော်နယ်လ်ဒို မှတ်တမ်းဝင်

Jul 03 • 9:57 AM

breaking-news

Myanmar

International

cover

ကမ္ဘာ့ဖလားရှုံးထွက်အဆင့်တွင် ဂိုးသွင်းနိုင်သည့် အသက်အကြီးဆုံးကစားသမားအဖြစ် စီရော်နယ်လ်ဒို မှတ်တမ်းဝင်

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ခရိုအေးရှားအသင်းအား (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သော ပွဲစဉ်တွင် ပယ်နယ်တီချေပဂိုး သွင်းယူနိုင်ခဲ့သဖြင့် အသက် (၄၁) နှစ်နှင...

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ခရိုအေးရှားအသင်းအား (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သော ပွဲစဉ်တွင် ပယ်နယ်တီချေပဂိုး သွင်းယူနိုင်ခဲ့သဖြင့် အသက် (၄၁) နှစ်နှင့် (၁၄၇) ရက်အရွယ်တွင် ကမ္ဘာ့ဖလားရှုံးထွက်အဆင့်၌ ကစားခွင့်ရသည့်အပြင် ဂိုးသွင်းနိုင်သော အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ ၎င်းအနေဖြင့် (၆) ကြိမ်မြောက် ကမ္ဘာ့ဖလားယှဉ်ပြိုင်မှု၏ (၉) ပွဲမြောက် ရှုံးထွက်အဆင့်ရောက်မှသာ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့ခြင်းဖြစ်ကာ ယခုပွဲအပါအဝင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု နှစ်ကြိမ်ရရှိထားပြီး၊ ပွဲအပြီးတွင် ပေါ်တူဂီကစားသမားများက ပြီးခဲ့သည့်နှစ်က ကွယ်လွန်သွားခဲ့သော အသင်းဖော် ဒီယိုဂိုဂျိုတာအား အောက်မေ့ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

news-view-count-icon

11