back

အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲ ပဏာမခြေစစ်ပွဲ မဲခွဲရလဒ်ထွက်ပေါ်၊ ဧရာဝတီအသင်း အုပ်စု (F) တွင် ကျရောက်

Jul 03 • 9:48 AM

breaking-news

Myanmar

Ayeyarwady

cover

အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲ ပဏာမခြေစစ်ပွဲ မဲခွဲရလဒ်ထွက်ပေါ်၊ ဧရာဝတီအသင်း အုပ်စု (F) တွင် ကျရောက်

၂၀၂၆-၂၀၂၇ ရာသီ AFC Women's Champions League (AWCL) ပဏာမခြေစစ်ပွဲအတွက် မဲခွဲပွဲကို ဇူလိုင်လ ၂ ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ AFC ရုံးချုပ်၌ ကျင်းပခဲ...

၂၀၂၆-၂၀၂၇ ရာသီ AFC Women's Champions League (AWCL) ပဏာမခြေစစ်ပွဲအတွက် မဲခွဲပွဲကို ဇူလိုင်လ ၂ ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ AFC ရုံးချုပ်၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု ဧရာဝတီအမျိုးသမီးအသင်းသည် အုပ်စု (F) တွင် ကျရောက်ခဲ့ကြောင်း သိရသည်။ ပဏာမခြေစစ်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားသည့် ဧရာဝတီအမျိုးသမီးအသင်းသည် တရုတ်တိုင်ပေကလပ် New Taipei City Hang Yuan FC၊ စင်ကာပူကလပ် FC Jurong နှင့် လက်ဘနွန်ကလပ် No Limits FC တို့နှင့် တစ်အုပ်စုတည်း ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ အဆိုပါ ပဏာမခြေစစ်ပွဲစဉ်များကို လာမည့် ဩဂုတ်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံအပါအဝင် သတ်မှတ်ထားသည့် အိမ်ရှင်နိုင်ငံများတွင် Centralized Round-robin စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

10