လာအိုနိုင်ငံသို့ အပူပိုင်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာနေသဖြင့် ကြာသပတေးနေ့မှ တနင်္ဂနွေနေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုးရွာသွန်းနိုင်ကြောင်း လာအိုမိုးလေဝသဗျူရိုက ခန့်မှန်းထားပြီး ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် မြို့ပြရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် အထူးသတိပြုရန်နှင့် ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းထားသည်။ လာအိုစိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနအောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၁ ရက် (ဗုဒ္ဓဟူးနေ့) ထုတ်ပြန်ချက်အရ လက်ရှိတွင် အပူပိုင်းမုန်တိုင်းငယ်တစ်ခုသည် တစ်နာရီလျှင် ၃၀ ကီလိုမီတာနှုန်းဖြင့် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနေပြီး၊ ဇူလိုင်လ ၂ ရက် (ကြာသပတေးနေ့) မွန်းလွဲပိုင်းတွင် "ဘာဗီ" (Bavi) ဟု အမည်ရသည့် အပူပိုင်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်
| 15 | 0 | 0 | 0 |


