back

ထိုင်းနိုင်ငံ မုခ်ဒါဟာန်ပြည်နယ်တွင် ကားတိုက်ခံရမှုကြောင့် ရဟန်းတော်များ ပျံလွန်တော်မူ

Jul 03 • 9:37 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ မုခ်ဒါဟာန်ပြည်နယ်တွင် ကားတိုက်ခံရမှုကြောင့် ရဟန်းတော်များ ပျံလွန်တော်မူ

ထိုင်းနိုင်ငံ မုခ်ဒါဟာန်ပြည်နယ်၊ မွေအန်းခရိုင်၌ ဘုရားဖူးကြွချီလာသည့် ရဟန်းတော်များအဖွဲ့ကို အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး မောင်းနှင်လာသော ပစ်ကပ်ကားတစ်စီးက အရှိန...

ထိုင်းနိုင်ငံ မုခ်ဒါဟာန်ပြည်နယ်၊ မွေအန်းခရိုင်၌ ဘုရားဖူးကြွချီလာသည့် ရဟန်းတော်များအဖွဲ့ကို အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး မောင်းနှင်လာသော ပစ်ကပ်ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ရဟန်းတော် ၈ ပါး ပျံလွန်တော်မူပြီး ရဟန်းတော် ၁၀ ပါးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကလေးငယ်၏မိခင်က ၎င်းအနေဖြင့် သားဖြစ်သူ ကားယူသွားသည်ကို သိရှိခြင်းမရှိဘဲ သိသိချင်း အရေးပေါ်ဖုန်းလိုင်းသို့ ဆက်သွယ်အကူအညီတောင်းခဲ့သော်လည်း ရဲတပ်ဖွဲ့မရောက်မီ ယခုကဲ့သို့ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားပြီး၊ လက်ရှိတွင် ကလေးငယ်မှာ စိတ်ဒဏ်ရာရကာ တုန်လှုပ်နေသဖြင့် ရဲတပ်ဖွဲ့က ကျွမ်းကျင်သူများနှင့်အတူ စနစ်တကျ ဆက်လက်စစ်ဆေးရန် ပြင်ဆင်နေကာ တာဝန်ရှိသည့် မိဘများကိုလည်း အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒဏ်ရာရရဟန်းတော်များအနက် ၄ ပါးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

news-view-count-icon

10