အိန္ဒိယနိုင်ငံ၏ မြို့တော် နယူးဒေလီသည် မြင့်မားနေသော လေထုညစ်ညမ်းမှုကို လျှော့ချရန်အတွက် ၎င်းတို့၏ ကားအဟောင်းများကို လျှပ်စစ်ကား (EV) များဖြင့် လဲလှယ်လိုသော ကားပိုင်ရှင်များအား အမေရိကန်ဒေါ်လာ ၁,၀၀၀ ကျော်တန်ဖိုးရှိ ငွေကြေးထောက်ပံ့မှု ပေးအပ်သွားမည့် မူဝါဒအသစ်တစ်ရပ်ကို တနင်္လာနေ့က အတည်ပြုခဲ့ကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှု အများဆုံးမြို့များထဲမှ တစ်ခုဖြစ်သည့် နယူးဒေလီသည် ဆောင်းရာသီကာလများ၌ လေထုငြိမ်သက်နေခြင်းကြောင့် အိမ်နီးချင်းပြည်နယ်များမှ သီးနှံရိုးပြတ် မီးရှို့မှုများ၊ ယာဉ်အိတ်ဇောမီးခိုးငွေ့များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဖုန်မှုန့်များ လေထုအတွင်း ပိတ်မိကာ လေထုအရည်အသွေး ပိုမိုဆိုးရွားလေ့ရှိသဖြင့် ယခုကဲ့သို့ စီမံဆောင်ရွက်လာခြင်းဖြစ်ကြောင်း သိရသည်။
လေထုညစ်ညမ်းမှုကို လျှော့ချရန် နယူးဒေလီမြို့တွင် ကားအဟောင်းများအား လျှပ်စစ်ကားများဖြင့် လဲလှယ်ပါက ကားပိုင်ရှင်များအား ဒေါ်လာ ၁,၀၀၀ ထောက်ပံ့မည်
Jul 03 • 9:36 AM
Myanmar
International
Share
| 24 | 0 | 0 | 0 |


