back

တရုတ်က ထိုင်ဝမ်အရေးကို အထူးသတိထားကိုင်တွယ်ရန် အမေရိကန်ကို တိုက်တွန်း

Jul 03 • 8:31 AM

breaking-news

China

Local News

cover

တရုတ်က ထိုင်ဝမ်အရေးကို အထူးသတိထားကိုင်တွယ်ရန် အမေရိကန်ကို တိုက်တွန်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထိုင်ဝမ်နှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို အထူးသတိထားကိုင်တွယ်ရန် အမေရိကန်ပြည်ထောင်စုကို တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရ...

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထိုင်ဝမ်နှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို အထူးသတိထားကိုင်တွယ်ရန် အမေရိကန်ပြည်ထောင်စုကို တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ဝမ်ယိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် ဇူလိုင်လ ၁ ရက်နေ့က တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ရာတွင် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ အနည်းငယ်သော အပြောင်းအလဲတစ်ခုကပင် နှစ်နိုင်ငံဆက်ဆံရေးအပေါ် ကြီးမားသော သက်ရောက်မှု ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နှင့် အမေရိကန်တို့အနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို အတူတကွ စီမံခန့်ခွဲသင့်ပြီး၊ အပြန်အလှန် လေးစားမှုရှိရှိဖြင့် တည်ငြိမ်သော ဆက်ဆံရေးကို တည်ဆောက်သွားရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်တိုက်တွန်းခဲ့သည်။

news-view-count-icon

4