back

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သက်ကြီးပုဂ္ဂိုလ်များအတွက် One-Stop Service စနစ်ဖြင့် ဘက်စုံကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိ

Jul 03 • 8:30 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သက်ကြီးပုဂ္ဂိုလ်များအတွက် One-Stop Service စနစ်ဖြင့် ဘက်စုံကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သက်ကြီးပုဂ္ဂိုလ်များ ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမိုအဆင်ပြေချောမွေ့စွာ ရရှိနိုင်စေရန်အတွက် သက်ကြီးကျန်းမာ ဘက်စုံစောင့်ရှောက်ကုသ...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သက်ကြီးပုဂ္ဂိုလ်များ ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမိုအဆင်ပြေချောမွေ့စွာ ရရှိနိုင်စေရန်အတွက် သက်ကြီးကျန်းမာ ဘက်စုံစောင့်ရှောက်ကုသမှု (One-Stop Service) ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြင်ပလူနာဌာနတွင် ဆေးပညာဌာန၊ ဆီးချိုနှင့်ဟော်မုန်းဌာန၊ အရိုးနှင့်ထိခိုက်ဒဏ်ရာဌာန၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးဌာန၊ အရေပြားဌာန၊ သွားနှင့်ခံတွင်းဌာန၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းအထူးကုဌာနနှင့် စိတ်ကျန်းမာရေးအထူးကုဌာနတို့မှ ပါမောက္ခများနှင့် အထူးကုဆရာဝန်ကြီးများ ကိုယ်တိုင် ပူးပေါင်းကာ ဘက်စုံကုသမှုများကို စနစ်တကျ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

19