back

၂၀၂၆ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ စတင်ကျင်းပ၊ ဇူလိုင် ၆ ရက်အထိ အခမဲ့ကြည့်ရှုနိုင်

Jul 03 • 8:28 AM

breaking-news

Myanmar

Naypyidaw

cover

၂၀၂၆ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ စတင်ကျင်းပ၊ ဇူလိုင် ၆ ရက်အထိ အခမဲ့ကြည့်ရှုနိုင်

၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံး အမျိုးသား/အမျိုးသမီးပြိုင်ပွဲကို အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်...

၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံး အမျိုးသား/အမျိုးသမီးပြိုင်ပွဲကို အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ စတင်ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲပထမနေ့အဖြစ် ကျင်းပသည့် ၆ ပေါက်တန်း အမျိုးသားပြိုင်ပွဲတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းက ရမှတ် ၁၄၀၈ မှတ်ဖြင့် အမြင့်ဆုံးရရှိခဲ့ပြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ၁၂၈၉ မှတ်၊ သာသနာရေးဝန်ကြီးဌာနက ၈၀၉ မှတ်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ၆၈၁ မှတ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ၆၃၁ မှတ်နှင့် အလုပ်သမားဝန်ကြီးဌာနက ၅၂၀ မှတ်တို့ အသီးသီးရရှိခဲ့ကြကာ အဆိုပါပြိုင်ပွဲများကို ဇူလိုင်လ ၆ ရက်နေ့အထိ အခမဲ့ ဝင်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

news-view-count-icon

7