back

ပြည်တွင်းစက်သုံးဆီဈေး ၁၁ ပတ်ဆက်တိုက် ကျဆင်း၊ ဒီဇယ်တစ်လီတာ ကျပ် ၃,၀၀၀ ဝန်းကျင်သို့ ရောက်ရှိ

Jul 03 • 8:27 AM

breaking-news

Myanmar

Local

cover

ပြည်တွင်းစက်သုံးဆီဈေး ၁၁ ပတ်ဆက်တိုက် ကျဆင်း၊ ဒီဇယ်တစ်လီတာ ကျပ် ၃,၀၀၀ ဝန်းကျင်သို့ ရောက်ရှိ

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် သင်္ကြန်ကျော်ကာလမှစတင်၍ ၁၁ ပတ်ဆက်တိုက် ကျဆင်းလာခဲ့ပြီး၊ ယခုတစ်ပတ်တွင် ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၃,၃၆၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ...

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် သင်္ကြန်ကျော်ကာလမှစတင်၍ ၁၁ ပတ်ဆက်တိုက် ကျဆင်းလာခဲ့ပြီး၊ ယခုတစ်ပတ်တွင် ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၃,၃၆၀ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၃,၀၉၀ ကျပ်အထိ ကျဆင်းလာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ကော်မတီက ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့ရှိ စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ 92 Ron တစ်လီတာ ၃,၃၆၀ ကျပ်၊ ဓာတ်ဆီ 95 Ron တစ်လီတာ ၃,၄၁၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၃,၀၉၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၃,၈၀၀ ကျပ်ဖြစ်ပြီး၊ အဆိုပါ ရည်ညွှန်းဈေးနှုန်းများကို ဇူလိုင်လ ၉ ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။

news-view-count-icon

36