back

ကြယ်ငါးနှင့် သံပခြုပ်များ အဆမတန်ပွားများလာမှုကြောင့် ဩစတြေးလျ သန္တာကျောက်တန်းများ ထိခိုက်ပျက်စီးနေ

Jul 03 • 8:46 AM

breaking-news

Myanmar

International

cover

ကြယ်ငါးနှင့် သံပခြုပ်များ အဆမတန်ပွားများလာမှုကြောင့် ဩစတြေးလျ သန္တာကျောက်တန်းများ ထိခိုက်ပျက်စီးနေ

ဩစတြေးလျနိုင်ငံရှိ မဟာသန္တာကျောက်တန်းကြီး (Great Barrier Reef) နှင့် Great Southern Reef တို့သည် သန္တာကောင်များကို စားသုံးသည့် ဆူးသရဖူကြယ်ငါး (Crown-of-Thorns S...

ဩစတြေးလျနိုင်ငံရှိ မဟာသန္တာကျောက်တန်းကြီး (Great Barrier Reef) နှင့် Great Southern Reef တို့သည် သန္တာကောင်များကို စားသုံးသည့် ဆူးသရဖူကြယ်ငါး (Crown-of-Thorns Starfish) နှင့် ပင်လယ်ရေမှော်များကို စားသုံးသည့် ဆူးရှည်သံပခြုပ် (Long-spined Sea Urchin) များ အဆမတန် ပွားများလာမှုကြောင့် ဂေဟစနစ် ထိခိုက်ပျက်စီးမှုများနှင့် ကြုံတွေ့နေရကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။ Marine & Freshwater Research ဂျာနယ်တွင် ဇူလိုင်လ ၂ ရက်နေ့က ဖော်ပြခဲ့သည့် သုတေသနပြုချက်အရ အဆိုပါ ဒေသမျိုးရင်းသတ္တဝါ နှစ်မျိုးကြောင့် ဖြစ်ပေါ်လာသည့် အန္တရာယ်များကို ထိန်းချုပ်နိုင်ရန်အတွက် ပိုမိုထိရောက်သော စီမံခန့်ခွဲမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။

news-view-count-icon

9