ဂျပန်နိုင်ငံသည် ပြည်ပသို့ ပြန်လည်ထွက်ခွာမည့် ခရီးသည်အားလုံးထံမှ ကောက်ခံသည့် နိုင်ငံတကာခရီးသွားခွန် (လေဆိပ်ထွက်ခွာခွန်) ကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ယခင်ထက် သုံးဆအထိ တိုးမြှင့်လိုက်သည်။ယခင်က ခရီးသည်တစ်ဦးလျှင် ယန်း ၁,၀၀၀ ကောက်ခံရာမှ ယခုအခါ ယန်း ၃,၀၀၀ အထိ တိုးမြှင့်လိုက်ခြင်းဖြစ်ပြီး ယင်းစည်းမျဉ်းသည် နိုင်ငံသားအဝင်အထွက်မရွေး ပြည်ပသို့ထွက်ခွာမည့် ခရီးသည်အားလုံးနှင့် သက်ဆိုင်မည် ဖြစ်သည်။အဆိုပါထွက်ခွာခွန်ကို ဇူလိုင် ၁ ရက်နောက်ပိုင်း ဝယ်ယူသည့် လေယာဉ်လက်မှတ်နှင့် သင်္ဘောလက်မှတ်ခများတွင် တစ်ပါတည်း ပေါင်းစပ်ကောက်ခံသွားမည်ဖြစ်ကာ၊ ရရှိလာမည့် အခွန်ဘဏ္ဍာများကို ကမ္ဘာလှည့်ခရီးသွားလွန်ကဲမှု (Overtourism) ကာကွယ်ရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရာတွင် အသုံးပြုသွားမည် ဖြစ်သည်။၎င်းအပြင် ဂျပန်အစိုးရသည် ပြည်ပခရီးသွားဗီဇာ (Short-term Tourist Visa) စရိတ်များကိုလည်း တစ်ပါတည်း ငါးဆခန့် တိုးမြှင့်လိုက်ပြီး တစ်ကြိမ်ဝင်ဗီဇာခကို ယခင် ယန်း ၃,၀၀၀ မှ ယန်း ၁၅,၀၀၀ သို့လည်းကောင်း၊ အကြိမ်ကြိမ်ဝင်ဗီဇာခကို ယခင် ယန်း ၆,၀၀၀ မှ ယန်း ၃၀,၀၀၀ သို့လည်းကောင်း ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။
ဂျပန်နိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားလွန်ကဲမှု ပြဿနာကို ဖြေရှင်းရန် လေဆိပ်ထွက်ခွာခွန်ကို သုံးဆအထိ တိုးမြှင့်ကောက်ခံ
Jul 03 • 4:42 AM
Japan
Local News
Share
| 7 | 0 | 0 | 0 |


