ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ နောင်တုံကန်ပတ်လမ်းတွင် ဇူလိုင်လ ၂ ရက် ည ၈ နာရီခန့်က လူငယ်အချင်းချင်း စကားများရန်ဖြစ်ရာမှ ဓားခုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် လူငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာမှာ မစိုးရိမ်ရဘဲ ၎င်းအား တိုင်းနေလူမှုကူညီရေးအသင်းက ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ အမှတ် (၄) ရပ်ကွက်ရှိ ပရိဘောဂဆိုင်တစ်ဆိုင်တွင်လည်း ထိုနေ့လည်ခင်းပိုင်းက ဆိုင်ပိုင်ရှင်၏သမီးဖြစ်သူကို လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသား ၄ ဦးက ပြန်ပေးဆွဲသွားခဲ့ကြောင်း သိရသည်။



