back

ရှမ်းပြည်နယ်၊လင်းခေးမြို့နယ်၌ ပအိုဝ်းအနီမျိုးနွယ်များ၏ ပထမဆုံးအကြိမ် ရိုးရာမီးလုံးပွဲကို လေးရက်ကြာ စည်ကားစွာကျင်းပ

Jul 03 • 6:35 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊လင်းခေးမြို့နယ်၌ ပအိုဝ်းအနီမျိုးနွယ်များ၏ ပထမဆုံးအကြိမ် ရိုးရာမီးလုံးပွဲကို လေးရက်ကြာ စည်ကားစွာကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်၊ ပင်တဝီးဒေသတွင် နေထိုင်ကြသည့် ပအိုဝ်းအနီမျိုးနွယ်များ၏ ပထမဆုံးအကြိမ်မြောက် ရိုးရာမီးလုံးပွဲကို ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်၊ ပင်တဝီးဒေသတွင် နေထိုင်ကြသည့် ပအိုဝ်းအနီမျိုးနွယ်များ၏ ပထမဆုံးအကြိမ်မြောက် ရိုးရာမီးလုံးပွဲကို ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အထိ လေးရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းပွဲတော်ကို ပအိုဝ်းအနီမျိုးနွယ်တို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင်ရန်၊ လူငယ်မျိုးဆက်သစ်များထံ ရိုးရာအမွေအနှစ်များ လက်ဆင့်ကမ်းပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပွဲတော်ကာလအတွင်း ရိုးရာမီးလုံးများလွှတ်တင်ခြင်း၊ စုပေါင်းဆုတောင်းခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။ပအိုဝ်းအနီမျိုးနွယ်များသည် လင်းခေးမြို့နယ်တွင် အများဆုံးအခြေချနေထိုင်ကြပြီး အခြားပအိုဝ်းမျိုးနွယ်စုများနှင့် စကားပြောဆိုပုံ အနည်းငယ်သာ ကွာခြားမှုရှိသည်။ ၎င်းတို့၏ ထင်ရှားသည့် ယဉ်ကျေးမှုလက္ခဏာမှာ ဝတ်စားဆင်ယင်မှုဖြစ်ပြီး၊ အခြားပအိုဝ်းမျိုးနွယ်စုများက အနက်ရောင်အင်္ကျီကို အဓိကဝတ်ဆင်ကြသော်လည်း ပအိုဝ်းအနီမျိုးနွယ်များမှာမူ အနီရောင်နှင့် အစိမ်းရောင်အင်္ကျီများကို အဓိကဝတ်ဆင်ကြကာ ခေါင်းပေါင်းပုံစံမှာမူ တူညီကြကြောင်း သိရသည်။ ဒေသခံများအနေဖြင့် ယခုရိုးရာမီးလုံးပွဲတော်ကို နောင်နှစ်များတွင်လည်း ဆက်လက်ကျင်းပသွားရန် မျှော်လင့်ထားကြသည်။

news-view-count-icon

11