back

ပြည်တွင်း၌ Starlink အင်တာနက်စက်အချို့ အပိတ်ခံရ

Jul 03 • 4:02 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ Starlink အင်တာနက်စက်အချို့ အပိတ်ခံရ

ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အသုံးပြုနေသော Starlink (စတားလင့်) အင်တာနက်စက်တချို့ကို ဇူလိုင်လ ၂ ရက် နံနက်ပိုင်းမှစ၍ Space X ကုမ္ပဏီမှ ပိတ်လ...

ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အသုံးပြုနေသော Starlink (စတားလင့်) အင်တာနက်စက်တချို့ကို ဇူလိုင်လ ၂ ရက် နံနက်ပိုင်းမှစ၍ Space X ကုမ္ပဏီမှ ပိတ်လိုက်ကြောင်း သိရသည်။ ထိုသို့ ပိတ်ရခြင်းမှာ ဝန်ဆောင်မှု နေရာဒေသတွင် မပါဝင်ဘဲ သုံးစွဲခြင်းနှင့် မူရင်းမှတ်ပုံတင်ထားသော နိုင်ငံပြင်ပမှ အသုံးပြုသည့် သတ်မှတ်ရက်ပြည့်သွား၍ နိုင်ငံအလိုက် အသုံးပြုခွင့် (Country Restricted) ကန့်သတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံသည် စတားလင့်နှင့် တရားဝင်စာချုပ်ချုပ်ထားခြင်း မရှိသော်လည်း လူသားချင်းစာနာမှုအရ သုံးစွဲခွင့်ရရှိနေခြင်းဖြစ်ပြီး တာဝန်ရှိသူများအနေဖြင့်လည်း အသုံးပြုမှုများ ရှိနေကြောင်း သိရသည်။ ဒေသတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့် နေရာများတွင်ပါ စတားလင့်ကို အားထားအသုံးပြုနေရသဖြင့် အဆိုပါ ပိတ်ပင်မှုအပေါ် သုံးစွဲသူများ စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။ အသုံးပြုမှုတွင်ကျယ်လာသော်လည်း နယ်စပ်ဒေသရှိ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းများက စတားလင့်စက်များကို အသုံးပြုလာခြင်းကြောင့် စတားလင့်၏ ဝန်ဆောင်မှုမူဝါဒများ တင်းကျပ်လာခြင်း ဖြစ်ကြောင်း သိရသည်။

news-view-count-icon

38