ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် သင်္ကြန်ကျော်ကာလမှစတင်၍ ၁၁ ပတ်ဆက်တိုက် ကျဆင်းလာခဲ့ပြီး ယခုတစ်ပတ်တွင် ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၃,၃၆၀ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၃,၀၉၀ ကျပ်အထိ ကျဆင်းလာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ကော်မတီက ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့ရှိ စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ 92 Ron တစ်လီတာ ၃,၃၆၀ ကျပ်၊ ဓာတ်ဆီ 95 Ron တစ်လီတာ ၃,၄၁၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၃,၀၉၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၃,၈၀၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။ အဆိုပါ သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများကို ဇူလိုင်လ ၉ ရက်နေ့အထိ အတည်ပြုသတ်မှတ်ထားကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။


