ဗီယက်နမ်နိုင်ငံ၌ ဇူလိုင်လမှစတင်၍ ရွှေတုံးအရောင်းအဝယ်ပြုလုပ်မှုအားလုံးအပေါ် ၀.၁ ရာခိုင်နှုန်း ပုဂ္ဂလိကဝင်ငွေခွန် ကောက်ခံတော့မည်ဆိုသည့် လူမှုကွန်ရက်နှင့် သတင်းမီဒီယာအချို့၏ ဖော်ပြချက်များသည် မမှန်ကန်ကြောင်း ဗီယက်နမ်ဘဏ္ဍာရေးဝန်ကြီးဌာနက ငြင်းဆိုလိုက်သည်။အဆိုပါမူဝါဒနှင့်ပတ်သက်၍ အစိုးရအနေဖြင့် အသေးစိတ်စည်းမျဉ်းများကို ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း ရှင်းလင်းပြောကြားခဲ့သည်။လက်ရှိတွင် ရွှေစျေးကွက်အား ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် မှောင်ခိုစျေးကစားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံတော်ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ရွှေအရောင်းအဝယ်ဆိုင်ရာ သီးခြားအခွန်ဥပဒေကြမ်းတစ်ရပ်ကို ညှိနှိုင်းရေးဆွဲနေဆဲသာဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံတွင် ရွှေတုံးအရောင်းအဝယ်ပြုလုပ်မှုအပေါ် ၀.၁ ရာခိုင်နှုန်း အခွန်ကောက်ခံမည်ဆိုသည့် ကောလာဟလများကို ဘဏ္ဍာရေးဝန်ကြီးဌာန ငြင်းဆို
Jul 03 • 4:00 AM
Vietnam
Local News
Share
| 9 | 0 | 0 | 0 |


